Programming Language တစ်ခု၏ အစိတ်အပိုင်းများ

Programming Language တစ်ခုဆိုသည်မှာ ကွန်ပျူတာကို ခိုင်းစေရန် ညွှန်ကြားချက်များ (Instructions)ရေးသားတည်ဆောက်ရာ၌ အသုံးပြုသည့် သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ဘာသာရပ်တစ်ခုဖြစ်သည်။ ၎င်းတို့ကို အမျိုးအစားအားဖြင့် သုံးမျိုးခွဲခြားနိုင်သည်။

  1. Syntax
  2. Semantics
  3. Pragmatics

Syntax

Syntax ဆိုတာက Programming Language တစ်ခုမှာသတ်မှတ်ထားတဲ့ သင်္ကေတတွေကို နည်းစနစ်မှန်မှန်နဲ့ ဖွဲ့စည်းတည်ဆောက်ခြင်း ကို ပြောတာပါ။ ရှင်းရှင်းပြောရရင် သဒ္ဓါပေါ့ဗျာ။ သဒ္ဓါမတတ် စာမတတ်ဆိုသလိုပေါ့ Programming language မှာပါတဲ့ ရေးသားပုံ ရေးသားနည်းတွေရဲ့ စည်းကမ်းကို ဆိုလိုပါတယ်။ ဥပမာ ကျွန်တော်တို့ အင်္ဂလိပ်စာသင်တဲ့ အခါမှာ ဝေါဟာရ(vocabulary) တွေကို ဝါကျ(sentence)တွေတည်ဆောက်တဲ့အခါမှာ ဘယ်ပုံဘယ်နည်းသုံးရသလဲ တည်ဆောက်ရသလဲ ဆိုတဲ့ သဒ္ဓါ (grammer) ကို programming language တွေမှာ syntax လို့ခေါ်ပါတယ်။ grammer of programming ပေါ့ဗျာ။

Semantics

Semantics ဆိုတာ စည်းစနစ်ကျနပြီး အဓိပ္ပာယ်ရှိတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ program တွေရေးတဲ့ အခါမှာ syntax မှန်နေရုံနဲ့ မပြီးပါဘူး။ အဓိပ္ပာယ်လည်းရှိရပါတယ်။ ကိုယ်ရေးထားတဲ့ program ဟာဘယ်လောက်ပဲ syntax မှန်မှန် အဓိပ္ပာယ် မရှိရင် အလကားပါပဲ။ ဥပမာ - မြန်မာစာမှာပေါ့ ဗျာ ... "ကျောက်တုံးသည် ရယ်နေသည်။" , "နေသည်အနောက်မှထွက်သည်"။ အင်္ဂလိပ်လိုဆို "The stone is laughing" , "Sun rise from west."။ သဒ္ဓါ (grammer) မမှားဘူး ဒါပေမယ့် အဓိပ္ပာယ်မရှိဘူး။ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ ဘာသာစကားတွေမှာ တင်စားတာတွေ ၊ ဖွဲ့နွဲ့တာတွေ ၊ စကားနှစ်ခွပြောတာတွေရှိတယ်။ ပြောလို့ ရေးလို့ရတယ်။ ဒါပေမယ့် programming မှာ မရဘူး။ Semantics ဆိုတာက ကျွန်တော်တို့ ဒီ program ကို ကွန်ပျူတာမှာ အသုံးချလိုက်ရင် ဘာဖြစ်ရပါမယ်ဆိုတဲ့ လုံးဝတိကျတဲ့ အဖြေ ရှိကိုရှိရပါမယ်။

Pragmatics

Pragmatics ဆိုတာကတော့ Programming Language တစ်ခုရဲ့ အသုံးပြုပုံနဲ့ အကျိုးကျေးဇူးတွေကို ဆိုလိုတာပါ။ သင်အသုံးပြုတဲ့ Programming Language ဟာ အသုံးပြုသူ user တွေအတွက် ၊ program တွေကို ရေးသားကြတဲ့ programmer တွေအတွက် ရနိုင်တဲ့ စွမ်းဆောင်ရည်တွေ ၊ အားသာချက်တွေ ကို programming language တစ်ခုရဲ့ pragmatics(လက်တွေ့ကျမှု) လို့ခေါ်ပါတယ်။ ဥပမာ - syntax ကလည်း မှန်တယ် ၊ semantics လည်းရှိတယ် ဒါပေမယ့် ရေးသားထားတဲ့ ပရိုဂရမ်တွေက တစ်ခြား programmer အတွက် နားလည်ရမလွယ် ၊ ပြင်ဖို့မလွယ် ဆိုရင်တော့ ဒီ programming language ရဲ့ pragmatic မကောင်းဘူးလို့ဆိုရမှာပါ။ ကျွန်တော်တို့တွေ program တွေကိုရေးတဲ့ အခါမှာ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် နဲ့ ရေးသားနိုင်ဖို့လိုသလို ရေရှည်မှာလည်း ပြန်လည်ပြင်ဆင် အသုံးပြုနိုင်ဖို့ ကောင်းမွန်ရပါမယ်။ ဒီအချက်တွေကို programming language တစ်ခုနဲ့ တစ်ခု support ပေးပုံချင်းတော့ မတူကြပါဘူး။ ဒါကိုကြည့်ပြီး ကိုယ်လုပ်ချင်တဲ့ software ၊ ကိုယ်အသုံးပြုမယ့် ပါတ်ဝန်းကျင် ၊ အသုံးပြုသူ စတာတွေကိုကြည့်ပြီး သင့်တော်တဲ့ pragmatics ရှိတဲ့ programming language ကို ကျွန်တော်တို့ ရွေးချယ်ကြပါတယ်။

No comments:

Post a Comment

JDK နဲ့ JRE ဘာကွာသလဲ ?

JDK နဲ့ JRE ဘာကွာခြားသလဲ ဆိုရင် JDK က JAVA Programming Language ကို အသုံးပြုပြီး ပရိုဂရမ်တွေရေးသားနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပြီး...